လ - ဇွန် 2016

ဟူး…ေရး…Hoo-ah

အမေရိကန်စစ်တပ်၏ ‘ဟူး…ရေး…’ ဟူသော အာလုပ်သံသည် သဘောတူကြောင်း တုံ့ပြန်ဖြေကြားသည့်အသံဖြစ်သည်။ ‘ဟူး…ရေး…’၏ မူလအဓိပ္ပာယ်မှာ သမိုင်း၌ ကွယ်ပျောက်သွားပြီဖြစ်သော်လည်း ၎င်းကို ကြားနာသည်၊ သဘောပေါက်သည်၊ အသိအမှတ်ပြုသည် ဟူ၍ အဓိပ္ပာယ်ရသော စာလုံးအတိုကောက် ‘HUA’ မှ ဆင်းသက် လာသည်ဟု ဆိုကြသည်။ ဤစကားလုံးကို အခြေခံ စစ်သင်တန်း၌ ကျွန်တော် ပထမဆုံး ကြားခဲ့ရသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ဗုဒ္ဓဟူးနေ့ နံနက်တိုင်း အမျိုးသားအဖွဲ့တစ်ဖွဲ့နှင့် သမ္မာကျမ်းစာလေ့လာချိန်၌  ဤစကားကို ကျွန်တော် တစ်ဖန်ပြန်တွေ့သည်။   တပ်မ ၈၂ လေထီးတပ်ခွဲမှ အဖွဲ့ဝင်ဟောင်းတစ်ဦးက ဆာလံကျမ်းကို ဖတ်ရှုရာ `Selah´ ဆိုသော စကားလုံးမှာ အခန်းကြီး တစ်ခုလုံးတွင် ပါဝင်နေသည်ကို သတိပြုမိသည်။ `Selah´ ဟုဖတ်မည့်အစား သူက ‘ဟူး…ရေး…’ ဟု အသံ ကျယ်ကျယ် ဖတ်လိုက်သည်။ ထိုမှစ၍ `Selah´ ဆိုသော…

အဗ္ဗ အဘ

ဖခင်များနေ့ ပို့စကတ်လေးထဲမှ သရုပ်ဖော်ပုံလေးက ဟာသမြောက်လှသည်။ ဖခင် တစ်ဦးသည် လက်တစ်ဘက်တည်းနှင့် မြက်ရိတ်စက်ကို တွန်းကာ မြက်ရိတ်နေပြီး ကျန် တစ်ဘက်နှင့် ကလေးတွန်းလှည်းကို ကျွမ်းကျင်စွာ ဆွဲထားသည်။  တွန်းလှည်းပေါ်၌ သုံးနှစ် သမီးငယ်လေးထိုင်နေပြီး ဆူဆူညံညံလှည့်ပတ်နေရသည်ကို ပျော်မြူးနေသည်။ အန္တရာယ်ရှိပါသည်။ သို့သော် အမျိုးသားများသည် အလုပ် မျိုးစုံကို တစ်ပြိုင်တည်း မလုပ်နိုင်ဟု မည်သူ ပြောမည်နည်း။
သင်၌ ဖခင်ကောင်းတစ်ဦးရှိပါက ထိုမြင်ကွင်းလေး သည် ပျော်ရွှင်ဖွယ် အမှတ်တရများကို ပြန်သတိရစေမည်။ သို့သော် လူအများစုအတွက် `အဖေ´ဟူသည် မပြည့်ဝ မစုံလင်ခြင်းလက္ခဏာ တစ်ရပ်သာဖြစ်သည်။ ဖခင်ကွယ်လွန် သွားသောအခါ၊ ကျွန်ုပ်တို့လိုအပ်မှုများကို မဖြည့်ဆည်း ပေးနိုင် သောအခါ၊ ကျွန်ုပ်တို့ကို ထိခိုက် နာကျင်စေသောအခါ ကျွန်ုပ်တို့ မည်သူ့ထံချဉ်းကပ်ရမည်နည်း။
ဖခင်တစ်ဦးအနေနှင့် ဒါဝိဒ်မင်း၌  အားနည်းချက်များ ရှိသည်မှန်သော်လည်း ဘုရားသခင်သည် မိဘသဖွယ်ဖြစ်ကြောင်း ဘုရား၏သဘော…

အရှုံးလား၊ အနိုင်လား

နှစ်စဉ်နှစ်တိုင်း ဇွန်လ ၁၈ ရက် နေ့ရောက်လျှင် ယခု ဘယ်လဂျီယံဟု ခေါ်သောနိုင်ငံ၌ ၀ါတာလူးစစ်ပွဲကြီး အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ကျင်းပကြသည်။  ၁၈၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က အမတ်ကြီး ၀ယ်လင်တန် ဦးဆောင်သော နိုင်ငံပေါင်းစုံတပ်ကြီးက နပိုလီယံ၏ ပြင်သစ်တပ်မတော်ကို အောင်နိုင်ချေမှုန်းခဲ့သည်။ ထိုအချိန်မှစ၍ ‘‘to meet your Waterloo’’ - ၀ါတာလူးစစ်ပွဲ ရင်ဆိုင်ရတော့မည် ဆိုသော စကားစုမှာ ‘‘ခွန်အားကြီးမားလွန်းသူတစ်ဦးဦး (သို့) အခက်ခဲပြဿနာတစ်ခုခုက သင့်ကို အနိုင်ယူ ချေမှုန်း တော့မည်’’ ဟုဆိုလိုသော စကားစုဖြစ်လာသည်။
ဝိညာဉ်ရေးရာ အသက်တာ၌လည်း ကြီးမားသော ကျရှုံးမှုသည် ရှောင်လွဲ၍မရသော၊ တစ်ချိန်တွင် ‘‘မိမိ၏ ၀ါတာလူးစစ်ပွဲ’ ကို  လူတိုင်းကြုံရမည်ဟု လူအချို့က ထင်မှတ်ကြသည်။ သို့သော် ရှင်ယောဟန်က ‘‘ဘုရား သခင်၏သားဖြစ်သောသူ မည်သည်ကား လောကကို…

မာရသွန်ကျမ်းစာဖတ်ခြင်း

ဘီစီ ၄၄၄ ခုနှစ်၊ ၇ လပိုင်း၊ ပထမရက်၊ နေထွက်သည်နှင့် ဧဇရသည် (သမ္မာကျမ်းစာမှ ပထမ
၅ ကျမ်းဖြစ်သော) မောရှေ၏ ပညတ္တိကျမ်းကို စတင်ပြီး ဖတ်တော့သည်။ ယေရုရှလင်မြို့ ၏တရားဟောပလ္လင်၌ရပ်လျက် ဆက်တိုက် ခြောက်နာရီလုံး တောက်လျှောက် ဖတ်သွား သည်။
အမျိုးသား၊ အမျိုးသမီး၊ ကလေးများသည် ရေတံခါး ၌ စုရုံးရောက်ရှိနေကြပြီး   ဘုရားသခင်က ပြဌာန်း သတ်မှတ် ပေးထားသော တံပိုးမှုတ်ပွဲ ကျင်းပဆင်နွှဲနေခြင်းဖြစ်သည်။ နားထောင်နေကြသောပရိသတ်ထံမှ တုံ့ပြန်မှုလေးခု ထွက် လာသည်။
ပညတ်တ္တိကျမ်းကို ကြည်ညိုလေးစားသမှုဖြင့် သူတို့ မတ်တပ်ရပ်ကြသည် (နေ ၈း၅)။ လက်များ မြှောက်လျက် ဘုရားသခင်အား ချီးမွမ်းကြသည်။ ‘‘အာမင်’’ ဟု ၀န်ခံပြောဆိုကြသည်။ နှိမ့်ချခြင်းဖြင့် ပြပ်ဝပ်ကိုးကွယ် ကြသည်(း၆)။ ဖတ်ကြားသော နှုတ်ကပတ်တော်နှင့် အဓိပ္ပာယ် ရှင်းလင်းချက်များကို သေချာစွာ…

အစဉ်အတိုင်းလုပ်ဖို့ လိုပါသည်

ကျွန်တော်တို့အိမ်၌ ‘‘အစဉ်အတိုင်းလုပ်ဖို့ လိုပါသည်’’ ဆိုသောစကားက ကျွန်တော့် အတွက် တကယ့်စိတ်အနှောင့်အယှက်ကြီးဖြစ်ပြီး မိသားစုအတွက်မူ ရယ်စရာဟာသ ဖြစ်သည်။ အိမ်ထောင်ကျစက အိမ်၌ ရိုးရှင်းလွယ်ကူသော ပြုပြင်စရာများကို ကျွန်တော် ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ရလဒ်ကား ဆိုးရွားလှသည်။ ရေချိုးခန်းမှ ရေပန်းလက်ကိုင်ကို ကောင်းကောင်း ပြင်ပြီးခဲ့သော်လည်း နံရံမှ ရေများစီးထွက်လာသည်။ ကလေးရပြီး နောက်ပိုင်း ၌လည်း အဆင်မပြေဖြစ်မြဲပါ။ ကျွန်တော့်ဇနီး ချယ်ရီ အား `ကလေးကစားစရာ အရုပ်ဆက်သလို လွယ်လွယ်လေးကို၊ ငါ့အတွက် ညွှန်ကြားချက်တွေ မလိုပါဘူး´ ဟု ပြောသည်။ မှားပါသည်။
တစ်ဖြည်းဖြည်းနှင့် ကျွန်တော်လည်း နောင်ကြဉ်
လာပြီး ညွှန်ကြားချက်များကို တိတိကျကျ အာရုံစိုက်တတ် လာပြီးမှ ကိစ္စအ၀၀သည် အဆင်ပြေလာသည်။ ထိုသို့  အဆင်ပြေဖန်များလာသော် ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချလာပြီး မကြာပါ၊ ညွှန်ကြားချက်များကို လျစ်လျူရှု ပြန်သည်။ ရလဒ်ကား…

မှန်ကန်သော ဆက်သွယ်ရေး

လန်ဒန်မြို့မြောက်ပိုင်း လူနေရပ်ကွက်၌ ကျွန်မလမ်းလျှောက်ထွက်လျှင် ဘာသာစကား အမျိုးမျိုးနှင့် ပြောဆိုဆက်သွယ် တွတ်ထိုးသံများကို ကြားနေရသည်။ ပိုလန်၊ ဂျပန်၊ ဟင်ဒီ၊ ခရိုအေးရှန်း၊ အီတာလျံ စသည့် ဘာသာစကားများဖြစ်သည်။ ထိုသူတို့ ဘာပြောနေသည်ကို ကျွန်မ နားမလည်သော်လည်း ဤကွဲပြားခြားနားမှုက ကောင်းကင်ဘုံ၏အရသာကို ခံစားမိစေသည်။ ရုရှား ကော်ဖီဆိုင် (သို့) ပိုလန်ဈေးအတွင်းသို့ ခြေချလိုက်သည်နှင့် စကားသံဝဲ၀ဲနှင့် လေယူလေသိမ်း အမျိုးမျိုးကို ကြားရသည်။ တပည့်တော်များ၏ ဟောပြောချက်တို့ကို နိုင်ငံပေါင်းစုံမှ လူများ နားလည်ကြသော ပင်တေကုတ္တေနေ့ ကား အလွန်ပင်
အံ့ဩကြည်နူးဖွယ် ကောင်းမည်ဟု ကျွန်မ ရံဖန်ရံခါ  ဆင်ခြင် မိသည်။
ထိုနေ့၌ ကောက်ရိတ်သိမ်းပွဲကို ကျင်းပရန် ဘုရားဖူး ခရီးသွားများ ယေရုရှလင်သို့ စုရုံးရောက်ရှိလာကြသည်။ ယုံကြည်သူများအပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်ကြွလာလျှင် သူတို့ပြောသောစကားများကို ကြားရသည့် နေရာအနှံ့မှ ရောက်ရှိလာသည့်…

သာမန်လူသားများ၏ ဘုရား

အခြားသူတစ်ဦးဦး၏အသက်တာ၌ ဘုရားရှင်က အံ့မခန်းပြုပေးသည့်အကြောင်း သက်သေခံချက်များကို ကြားရလျှင် ကျွန်ုပ်တို့အတွက် စိန်ခေါ်မှုဖြစ်သည်။ ဆုတောင်းချက် အဖြေရသည့်အကြောင်း ကြားသိရလျှင် ၀မ်းမြောက်ဝမ်းသာရသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်က မိမိအတွက် အံ့ဖွယ်အမှု ဘာကြောင့် လုပ်မပေးသေး တာလဲ ဟုလည်း တွေးမိကောင်း တွေးမိမည်။
ဘုရားသခင်က အာဗြဟံအတွက် ပြုပေးသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း အံ့ဖွယ်အမှုပြုကာ ကိုယ်ထင်ရှား  ပြခဲ့ပါက ကျွန်ုပ်တို့လည်း ဘုရားရှင်၏ သစ္စာရှိသောကျွန် ငယ်သားကောင်း ဖြစ်ရန်  ထိတွေ့နှိုးဆော်မှုဖြစ်မည်ဟု တွေးတတ်သည်။ သို့သော် ဘုရားသခင်သည် အာဗြဟံအား အချိန် ၁၂ နှစ်တစ်ကြိမ်၊ ၁၄ နှစ်တစ်ကြိမ် (၁၀ နှစ်ကျော်)အကြာတွင် ကိုယ်ထင်ပြကြောင်းကို     သတိရဆင်ခြင် သောအခါ  အာဗြဟံ၏ဘ၀ခရီးလမ်းအများစုက သာမန်သာဖြစ်သည်ကို
တွေ့ရသည် (က ၁၂း၁-၄၊၁၅း၁-၆၊ ၁၆း၁၆-၁၇း၁၂)။
အသက်တာ၏သာမန်အမှုအရေးများနောက်ကွယ်၌ ဘုရားသခင်က အလုပ်လုပ် နေသည်။ ‘‘သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို…

ကျွန်ုပ်နောက်မှ လိုက်ဆိုပါ

ညီလာခံတစ်ခုတွင် ဟောပြောရန် ရီဘက်ခါ စင်ပေါ်၌ ရှိနေပါသည်။ ပထမဆုံး ၀ါကျ တစ်ကြောင်း သူစပြောလိုက်ရာ အခန်းတွင်း ပဲ့တင်ထပ်သွားသည်။ သူပြောသော စကားကို သူပြန်ကြားရ၍ စိတ်မငြိမ်မသက်ဖြစ်မိသည်။ တုန်နေသောအသံကို ပြန်ထိန်းရင်း သူပြောသော စကားလုံးတိုင်း၏ပဲ့တင်သံကို မသိကျိုးကျွန်ပြုနိုင်အောင် ကြိုးစားခဲ့သည်။
ကျွန်ုပ်တို့ပြောသမျှ စကားတိုင်းကို ပြန်ကြားရပါက မည်သို့ ခံစားရမည်ကို တွေးကြည့်ပါ။ ‘‘ငါ မင်းကိုချစ်တယ်’’ ‘‘ငါမှားသွားတယ်ကွာ’’ ‘‘ကျေးဇူးတင်ပါတယ် ဘုရားသခင်’’ ‘‘ငါမင်းအတွက် ဆုတောင်းပေးနေပါတယ်’’ စသော စကားများကို ပြန်ကြားရခြင်းက သိပ်မဆိုးလှပါ။ သို့သော် ကျွန်ုပ်တို့ပြောစကားတိုင်းက ကြင်နာမှုအပြည့်နှင့် နူးညံ့ လှပနေသည်မဟုတ်ပါ။ မည်သူမျှ မကြားလိုသည့် ဒေါသနှင့် ဆိုစကားများ၊ ဂုဏ်သိက္ခာထိပါးစေသော ဝေဖန်ချက်များ ဆိုလျှင် မည်သို့ ရှိမည်နည်း။ ထိုစကားများကို ကျွန်ုပ်တို့ အမှန် ပြန်နုတ်သင့်သည်။
ဆာလံဆရာ ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့၏ ဆိုစကားများကို…

ငိုကြွေးခြင်းနှင့် ရယ်မောခြင်း

ယမန်နှစ်က အားသစ်လောင်းအစီအစဉ်တစ်ခု၌ အချိန်အတော်ကြာမျှ မတွေ့ဖြစ်သည့် မိတ်ဆွေများနှင့် ကျွန်မပြန်ဆုံပြီး အဆက်အသွယ်ပြန်ရခဲ့သည်။ သူတို့နှင့် ပြန်လည် တွေ့ဆုံရ၍ ၀မ်းမြောက်ကြည်နူးစွာ ရယ်မောခဲ့ရသလို သူတို့အား အလွန်သတိရ လွမ်းဆွတ်ခဲ့ရသည်ဖြစ်၍ ငိုလည်း ငိုမိသည်။
တွေ့ဆုံပွဲ၏ နောက်ဆုံးနေ့တွင် ပွဲတော် မင်္ဂလာဝတ်
ခံယူကြသည်။ အပြုံးပန်းများ ဝေဖြာသကဲ့သို့ မျက်ရည် ပင်လယ်လည်း ဝေခဲ့သည်။ ကျွန်မကို ထာဝရအသက် ပေးသနားသော၊ မိတ်ဆွေများနှင့်အတူ လှပသောနေ့ရက်များ ဖြတ်သန်းခွင့်ပေးသော ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ၀မ်းမြောက်ရသည်။  ကျွန်မ အပြစ်မှလွတ်မြောက်ရန် သခင် ယေရှု ပေးဆပ်ခံစားခဲ့ရသောအရာအတွက် ရင်မှာဆို့ကာ ငိုကြွေးမိပြန်သည်။
ဧဇရနှင့် ယေရုရှလင်မြို့၌ နှစ်သက် ပျော်ရွှင်ဖွယ်နေ့ တစ်နေ့အကြောင်းကိုလည်း ကျွန်မ တွေးမိခဲ့သည်။ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများသည်  မိမိတိုင်း  ပြည်သို့
ပြန်လာကာ ဘုရားသခင်၏ဗိမာန်တော်အုတ်မြစ်ကို  တည်ဆောက်ပြီးလေပြီ။ လူများက ၀မ်းမြောက်စွာဖြင့် သီချင်းသီဆိုကြသည်။ သို့သော်…

အသက်ကယ် ပိုက်ကွန်

တောင်ပေါ်ဒေသနာ (မဿဲ ၅-၇) အား လူသားများ မည်သို့ ပြုမူကျင့်ကြံရမည်ကို ဖော်ပြသည့် အခြေခံသွန်သင်ချက်၊ မည်သူမျှ လိုက်မမီနိုင်သော စံသွန်သင်ချက် စသည်ဖြင့် နှစ်အတော်ကြာကြာ ကျွန်တော်တွေးထင်ခဲ့သည်။ ဆိုလိုရင်းအမှန်ကို မည်သို့ ကျော်သွားမိမှန်း မသိခဲ့ပါ။ ကျွန်ုပ်တို့ စိတ်ပျက်သွားအောင် ရှင်ယေရှုက ဤစကားများကို မိန့်ကြားခဲ့ခြင်းမဟုတ်၊ ဘုရားသခင်သည် မည်သို့သော ပုဂ္ဂိုလ် ဖြစ်ကြောင်းကို ပြောပြခြင်းဖြစ်သည်။
ရန်သူများကို အဘယ်ကြောင့် ချစ်ရမည်နည်း။   ကရုဏာတော်ရှင်အဘသည် လူဆိုးလူကောင်း မခွဲခြားဘဲ
သူတို့အပေါ် နေမင်းထွန်းလင်းစေသည်။ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို အဘယ်ကြောင့် သိုမှီးရမည်နည်း။ ထိုနေရာတွင် ခမည်းတော်ဘုရားစိုးစံလျက် ကျွန်ုပ်တို့အား ကြွယ်ဝစွာ ချီးမြှောက်မည်တည်း။ အဘယ့်ကြောင့် စိုးကြောက်ပူပန်မှု မရှိဘဲ နေရမည်နည်း။ တောနှင်းပင်နှင့်မြက်ပင်ကို အ၀တ်နှင့်
ဖုံးလွှမ်းသောဘုရားသည် ကျွန်ုပ်တို့အား ဂရုပြုမည်ဟုလည်း ကတိပြုထားသည်။ အဘယ်ကြောင့် ဆုတောင်းရမည်နည်း။ လောကရှိ ဖခင်များပင်…